ကျောင်းရဲ့ ကိုယ်ပိုင်အမှတ်အသား
Credential ပေါ်မှာ ကျောင်း သို့မဟုတ် အဖွဲ့အစည်းရဲ့ Logo၊ Brand Color နဲ့ ထုတ်ပေးသူအချက်အလက်ကို ဆက်လက်မြင်နိုင်ပါတယ်။
ABOUT EDUVERIFY MYANMAR
EduVerify Myanmar ဟာ မြန်မာနိုင်ငံက ကျောင်း၊ Academy၊ Training Center၊ University၊ Professional Organization နဲ့ Certification Team တွေအတွက် Digital Credential ထုတ်ပေးခြင်း၊ မှတ်တမ်းစီမံခြင်းနဲ့ အွန်လိုင်းကနေ စစ်ဆေးအတည်ပြုခြင်းတို့ကို တစ်နေရာတည်းမှာ လုပ်ဆောင်နိုင်တဲ့ Platform ဖြစ်ပါတယ်။
WHY IT EXISTS
ကျောင်းသားအမည်နဲ့ သင်တန်းအချက်အလက်ကို ထပ်ခါထပ်ခါ စစ်နေရတာ၊ ပျောက်သွားတဲ့ Certificate ကို Folder တွေထဲ ပြန်ရှာနေရတာ၊ အလုပ်ရှင်က စစ်ဆေးမေးမြန်းတိုင်း Admin Team က ပြန်ဖြေနေရတာတွေကြောင့် အချိန်ကုန်ပြီး ကျောင်းအပေါ်ယုံကြည်မှုလည်း လျော့နည်းသွားနိုင်ပါတယ်။
ဒါကြောင့် အချက်အလက်အတည်ပြုတဲ့အဆင့်ကနေ Credential ထုတ်ပေးခြင်း၊ ကျောင်းသားက မျှဝေခြင်းနဲ့ ပြင်ပအဖွဲ့အစည်းက စစ်ဆေးခြင်းအထိ လုပ်ငန်းစဉ်တစ်လျှောက် အဆက်မပြတ်ကြည့်နိုင်အောင် တည်ဆောက်ထားပါတယ်။
PLATFORM FOUNDATION
Credential တစ်စောင်ရဲ့ ပုံစံတင်မကဘဲ issuer၊ record၊ status နဲ့ ownership ကို တိတိကျကျဖော်ပြနိုင်ဖို့ အခြေခံထားပါတယ်။
Credential ပေါ်မှာ ကျောင်း သို့မဟုတ် အဖွဲ့အစည်းရဲ့ Logo၊ Brand Color နဲ့ ထုတ်ပေးသူအချက်အလက်ကို ဆက်လက်မြင်နိုင်ပါတယ်။
Credential တစ်ခုချင်းစီမှာ Unique ID၊ QR နဲ့ အမြဲအသုံးပြုနိုင်တဲ့ စစ်ဆေးရေး Link ရှိပြီး လက်ရှိအခြေအနေကို ကြည့်နိုင်ပါတယ်။
ထုတ်ပေးပြီးနောက် အချက်အလက်ပြင်ဆင်ခြင်း၊ ခေတ္တရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်းနဲ့ ပြန်လည်ထုတ်ပေးခြင်းတို့ကို မူလမှတ်တမ်းမပျောက်ဘဲ စီမံနိုင်ပါတယ်။
အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ ကိုယ်ပိုင် Workspace နဲ့ Data ကို အခြားအဖွဲ့အစည်းက မမြင်နိုင်အောင် သီးခြားခွဲထားပါတယ်။
CLEAR RESPONSIBILITY
EduVerify Myanmar သည် accrediting body မဟုတ်ပါ။ Credential ကို Institution က ထုတ်ပေးပြီး EduVerify က digital issuance နဲ့ verification technology ကို ပံ့ပိုးပါတယ်။
ကျောင်းသားက Credential ရထိုက်မရထိုက်၊ သင်တန်း၊ ရလဒ်၊ ထုတ်ပေးသည့်ရက်နဲ့ နောက်ပိုင်းပြင်ဆင်မှုတွေကို ကျောင်း သို့မဟုတ် ထုတ်ပေးတဲ့အဖွဲ့အစည်းက တာဝန်ယူပါတယ်။
ကျောင်းသုံး Workspace၊ မှတ်တမ်းစီမံမှု၊ QR/Link နဲ့ စစ်ဆေးမှု၊ ကျောင်းသား Profile နဲ့ Platform လည်ပတ်မှုတို့ကို ပံ့ပိုးပါတယ်။
မိမိ Credential ကို စစ်ဆေး၊ Download လုပ်ပြီး အမြဲအသုံးပြုနိုင်တဲ့ Link နဲ့ LinkedIn၊ CV သို့မဟုတ် Portfolio မှာ မျှဝေနိုင်ပါတယ်။
တရားဝင် Website၊ ထုတ်ပေးသူ၊ ကျောင်းသား၊ သင်တန်း၊ Credential ID၊ ထုတ်ပေးသည့်ရက်နဲ့ လက်ရှိအခြေအနေကို Certificate နဲ့ တိုက်စစ်နိုင်ပါတယ်။
ONE CONNECTED JOURNEY
Logo၊ brand colors၊ certificate template နဲ့ authorized team ကို စီမံပါ။
Individual သို့မဟုတ် Google Sheet bulk workflow ဖြင့် data validation လုပ်ပါ။
Unique ID၊ QR၊ permanent link နဲ့ notification ပါသော record ဖန်တီးပါ။
Certificate၊ profile နဲ့ credential link ကို CV၊ LinkedIn သို့ Portfolio မှာသုံးပါ။
Login မလိုဘဲ public record ပေါ်က issuer details နဲ့ current status ကို တိုက်စစ်ပါ။
EDUVERIFY ECOSYSTEM
Admin၊ Recipient၊ Employer နဲ့ Technical Team အလိုက် လမ်းညွှန်ရှာရန်။
Help Center သို့ →ISSUE & MANAGEInstitution workspace ထဲတွင် issue၊ manage နဲ့ lifecycle control လုပ်ရန်။
Platform သို့ →CHECK A RECORDCredential ID သို့ Link ဖြင့် record နဲ့ current status ကို စစ်ရန်။
စစ်ဆေးရန် →REVIEW CONTROLSSecurity၊ privacy၊ availability နဲ့ current implementation boundaries ကို ဖတ်ရန်။
Trust Center သို့ →CHOOSE YOUR NEXT STEP
Platform ကို စမ်းလိုသူ၊ Credential စစ်လိုသူနဲ့ policy/technical မေးခွန်းရှိသူအတွက် ဝင်ပေါက်ကို သီးခြားထားပါတယ်။