DATA RETENTION
စစ်ဆေးနိုင်မှုအတွက် လိုအပ်သော Record ကို ထိန်းသိမ်းပြီး မလိုအပ်သော Data ကို အကန့်အသတ်ဖြင့်ထားပါတယ်။
Credential history မပျောက်စေရန် retention ကို Data အမျိုးအစားအလိုက် ခွဲထားပါတယ်။
နောက်ဆုံးပြင်ဆင်သည့်နေ့ — 7 August 2026
Credential နှင့် Audit Record
Issued Credential၊ Status history၊ Reissue/Revoke reason နှင့် audit event များကို verification နှင့် dispute handling အတွက် Platform လည်ပတ်နေသရွေ့ သို့မဟုတ် သက်ဆိုင်ရာ legal period အတွင်း ထိန်းသိမ်းနိုင်ပါတယ်။
Account နှင့် Uploaded Files
Active customer account၊ Logo၊ Template နှင့် notification data ကို service ပေးရန်လိုအပ်သရွေ့ ထိန်းသိမ်းပါတယ်။ Account ပိတ်ပြီး deletion request အတည်ပြုပြီးနောက် operational backups ထဲမှ 90 days အတွင်း expire လုပ်ရန် ရည်ရွယ်ပါတယ်။
Public Status
Revoke/Suspend လုပ်ထားသော Credential ကို ဖျက်မထားဘဲ သက်ဆိုင်ရာ status အဖြစ် ပြသနိုင်ပါတယ်။ ဒါက အတုအပပြန်အသုံးပြုခြင်းကို ကာကွယ်ပြီး history ကိုရှင်းလင်းစေပါတယ်။
Deletion Request
ကျောင်း၏ authorized administrator က scope နှင့် identity ကိုအတည်ပြုပြီး Support သို့ တောင်းဆိုနိုင်ပါတယ်။ Legal hold၊ fraud prevention သို့ audit requirement ရှိပါက retention reason နှင့်ကာလကို အကြောင်းပြန်ပါမယ်။
