TERMS OF SERVICE

Credential တစ်စောင်ချင်းရဲ့ အချက်အလက်မှန်ကန်မှုကို ကျောင်းနဲ့ Platform နှစ်ဖက်ပူးပေါင်းထိန်းသိမ်းပါတယ်။

Account ဖွင့်ခြင်း သို့မဟုတ် Service အသုံးပြုခြင်းဖြင့် ကျောင်းသည် အောက်ပါစည်းကမ်းများကို သဘောတူပါသည်။

နောက်ဆုံးပြင်ဆင်သည့်နေ့ — 7 August 2026

Account နှင့် Authority

ကျောင်းကိုယ်စား Credential ထုတ်ပေးခွင့်ရှိသူသာ Account သုံးရပါမယ်။ Login၊ Role နှင့် Approval ကို လုံခြုံစွာထိန်းသိမ်းရန် ကျောင်းတွင်တာဝန်ရှိပါတယ်။

အချက်အလက်နှင့် Issuing

Recipient consent၊ Eligibility၊ အမည်၊ Course၊ Result နှင့် Issue Date မှန်ကန်မှုကို ကျောင်းကအတည်ပြုပြီးမှ ထုတ်ပေးရပါတယ်။ EduVerify Myanmar က စနစ်နှင့် audit trail ကို ပံ့ပိုးပေးပါတယ်။

Service နှင့် Verification

Plan allowance အတွင်း Credentials ထုတ်ပေးနိုင်ပါတယ်။ Subscription မသက်တမ်းတိုးလျှင် အသစ်ထုတ်ပေးခြင်းနှင့် write actions ရပ်နိုင်သော်လည်း ထုတ်ပြီးသား valid links ကို Platform လည်ပတ်နေသရွေ့ စစ်ဆေးနိုင်အောင် ထိန်းသိမ်းရန်ရည်ရွယ်ပါတယ်။

ပြောင်းလဲမှုနှင့် ရပ်ဆိုင်းခြင်း

Security risk၊ မမှန်ကန်သောအချက်အလက်၊ ဥပဒေချိုးဖောက်မှု သို့မဟုတ် အလွဲသုံးစားမှုရှိလျှင် access ကို ကန့်သတ်နိုင်ပါတယ်။ အရေးကြီးသော terms ပြောင်းလဲမှုကို ကြိုတင်အသိပေးပါမယ်။