PRIVACY POLICY
အချက်အလက်တွေကို လိုအပ်သလောက်သာ သုံးပြီး တာဝန်ယူကာကွယ်ပါတယ်။
ကျောင်းက ထည့်သွင်းသော Account၊ Recipient နှင့် Credential Data ကို Platform လည်ပတ်ရန်၊ စစ်ဆေးနိုင်သော Record ပြသရန်နှင့် Support ပေးရန်အတွက်သာ အသုံးပြုပါတယ်။
နောက်ဆုံးပြင်ဆင်သည့်နေ့ — 7 August 2026
စုဆောင်းသော အချက်အလက်
ကျောင်းအမည်၊ တာဝန်ခံအချက်အလက်၊ Logo/Brand Assets၊ Recipient အမည်၊ Email/Phone/Student ID၊ Course၊ Result၊ Issue Date နှင့် Credential history တို့ ပါဝင်နိုင်ပါတယ်။
အများပြည်သူမြင်နိုင်သော Record
Public Credential Page တွင် ကျောင်းကအတည်ပြုထားသော Recipient Display Name၊ Credential၊ Issuer၊ Program၊ Issue Date၊ Credential ID နှင့် လက်ရှိ Status ကို ပြပါတယ်။ ကျောင်းက Public အဖြစ်အတည်ပြုထားသော Skills၊ Result သို့မဟုတ် Evidence ရှိပါက ထပ်မံပေါ်နိုင်ပါတယ်။ Email၊ Phone၊ Student ID၊ Guardian Data၊ NRC၊ Password နှင့် Internal Notes မပြပါ။ Credential Link ရရှိသူက အကောင့်ဝင်စရာမလိုဘဲ Verification Record ကို ဖွင့်နိုင်ပါတယ်။
အသုံးပြုပုံနှင့် မျှဝေမှု
Authentication၊ Issuing၊ Verification၊ Notification၊ Security၊ Audit နှင့် Support အတွက် သုံးပါတယ်။ Hosting၊ Database နှင့် Email provider ကဲ့သို့ လိုအပ်သော processors များမှလွဲ၍ ကိုယ်ရေးအချက်အလက်ကို မရောင်းချပါ။
ကျောင်း၏တာဝန်နှင့် Access
ကျောင်းက Recipient Data ထည့်သွင်းမီ သက်ဆိုင်ရာ notice နဲ့ consent ရရှိထားရပါမယ်။ Private Workspace Data ကို ကျောင်းအလိုက်ခွဲထားပြီး Authorized User များကို Role အလိုက် Access ပေးပါတယ်။ Team member တစ်ဦးစီက ကိုယ်ပိုင် Account သုံးပြီး မလိုအပ်တော့သော Access ကို ကျောင်း Owner က ရပ်ရပါမယ်။
Security Incident သံသယရှိပါက
ထိခိုက်နိုင်သော Account သို့ Access ကို အရင်ရပ်ပါ။ EduVerify Support ထံ Credential ID၊ Institution အမည်၊ ဖြစ်ပွားချိန်နဲ့ ကိုယ်ရေးအချက်အလက်မပါသော Screenshot ကိုပို့ပါ။ စစ်ဆေးပြီး အတည်ပြုထားသောအချက်အလက်၊ လိုအပ်သော Corrective Action နဲ့ ပြန်လည်မဖြစ်စေရန် ဆောင်ရွက်ချက်ကို သက်ဆိုင်ရာကျောင်းနှင့် ဆက်သွယ်ပါမယ်။ Password၊ OTP သို့မဟုတ် Secret ကို မပို့ပါနှင့်။
ကာကွယ်မှု၏ အတိုင်းအတာ
မည်သည့် Online Platform မဆို Data လုံးဝမပေါက်ကြားနိုင်ကြောင်း အာမခံ၍မရပါ။ EduVerify Myanmar သည် လိုအပ်သော Data ကိုသာအသုံးပြုခြင်း၊ Role အလိုက် Access၊ ကျောင်းအလိုက် Data ခွဲခြားခြင်း၊ Audit Trail၊ Backup/Recovery နဲ့ Incident Response Controls များဖြင့် အန္တရာယ်ကို လျှော့ချပြီး စစ်ဆေးနိုင်သောမှတ်တမ်းများကို ထိန်းသိမ်းပါတယ်။
ရပိုင်ခွင့်များ
မှားယွင်းချက်ပြင်ဆင်ရန်၊ Access သို့မဟုတ် Delete တောင်းဆိုရန် ကျောင်းအုပ်ချုပ်သူမှတစ်ဆင့် သို့မဟုတ် Support သို့ ဆက်သွယ်နိုင်ပါတယ်။ Legal/operational record retention ကြောင့် ချက်ချင်းမဖျက်နိုင်သောအချက်ကို အကြောင်းပြန်ရှင်းလင်းပါမယ်။
